CDM ကျောင်းသားသုံးသောင်းကို စိစစ်ရွေးချယ်ကျောင်းအပ်လက်ခံကြောင်း K4Uထုတ်ပြန်

CDM ကျောင်းသားသုံးသောင်းကို စိစစ်ရွေးချယ်ကာ ကျောင်းအပ်လက်ခံလိုက်ပြီဖြစ်ကြောင်း NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You Federal Private School ကဒီကနေ့ထုတ်ပြန်ပါတယ်။
ကျောင်းသားစိစစ်ရွေးချယ်ရာမှာ CDM ကျောင်းသားဖြစ်ရမယ်ဆိုတဲ့အချက်ကိုသာ အခြေခံထည့်သွင်းစဉ်း စားခြင်းဖြစ်ပြီး တခြားဘယ်သူနဲ့ ဘယ်လိုတော်စပ်သလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘူးလို့ ဆိုပါတယ်။
အခုလက်ခံလိုက်တဲ့ ကျောင်းသားဦးရေ သုံးသောင်းအနက် ကျောင်းရန်ပုံငွေထည့်ဝင်နိုင်သူ၂၂၀၀၀ လောက်ရှိပြီး ကျန်ကျောင်းသား ၈၀၀၀ကိုအခမဲ့ပညာဒါနအဖြစ် သင်ကြားပေးသွားမယ်လို့ ထုတ်ပြန်ထားပါ တယ်။
K4Uကျောင်းသားတွေဟာ ဘယ်လိုအကြောင်းနဲ့မှ စစ်အုပ်စုကျောင်းတွေမှာ စာရင်းပေးတက်ရောက်ခြင်းမျိုးမ ရှိဖို့နဲ့ သိရှိပါက ကျောင်းကနေထုတ်ပယ်သွားမယ်လို့သိရပါတယ်။
K4U ကျောင်းမှာ ကျောင်းအပ်နှံသူ ၂၀၀၁၂၆ဦးရှိပြီး အရင်က ကျောင်းသားတစ်သောင်းသာ လက်ခံသင်ကြား ပေးဖို့ စီစဉ်ထားခဲ့ပေမဲ့ကျောင်းအပ်နှံပမာဏများတာကြောင့် သုံးသောင်းအထိတိုးမြှင့်လက်ခံခြင်းဖြစ်ပါတယ်။
Kaung For You ကျောင်းမှာ NUG ပညာရေးစနစ်အတိုင်း KGတန်းကနေ Grade11 အထိ အွန်လိုင်းကနေ ၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ပြီး
စင်ကာပူနိုင်ငံဒေသသင်ရိုး၊သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းသင်ခန်းစာတွေနဲ့ တွဲဖက် သင်မှာဖြစ်ပါတယ်။
Cambridge English ကို မူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းမှာ တစ်ဘာသာ သီးသန့် ထည့်သင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။