အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ်ဆိုတဲ့ ၂၀၂၃ရွေးကောက်ပွဲဟာ ဒီမိုကရေစီအရွေ့လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန်ပြောင်းခြင်းသာဖြစ်ကြောင်း အဖွဲ့၃၃ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေး၊၂၀၀၈အ ခြေခံဥပဒေ အပြီးအပိုင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်၃ရပ်ကနေ ရှောင်ထွက်ဖို့ အတွက် ထွက်ပေါက်ဖြစ်တယ်လို့လည်းဆိုပါတယ်။
စစ်အုပ်စုပြုလုပ်မယ့် ၂၀၂၃ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈အခြေခံဥပဒေအောက်ပြန်လည် ရောက်ရှိသွားမှာဖြစ်ပြီး ရွေးကောက်ပွဲဖြစ်လာပါက စစ်အုပ်စုအနေနဲ့ ဘက်ပေါင်းစုံအရူးမီးဝိုင်းဖြစ်နေတဲ့အခြေ အနေကနေ တစ်စုံတစ်ရာဟန်ထုတ်ပြောပြလို့ရနိုင်မယ့် အနေအထားသစ်ကို ရရှိသွားမယ်လို့လည်း ထုတ်ပြန် ပါတယ်။
ဒါ့ကြောင့် အခုကာလဟာ အရေးကြီးတဲ့ အဆစ်အချိုးကာလဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအ နေနဲ့ ညီညွတ်ရေးကို အစွမ်းကုန်ထိန်းသိမ်းပြီး စစ်အုပ်စုရဲ့ လှည့်စားမှုကြား ယိမ်းယိုင်မှုမရှိကြဖို့ အချင်းချင်း ပိုမိုသတိပေးလက်တွဲကြရမယ်လို့လည်းဆိုပါတယ်။
ဒါ့ကြောင့်တော်လှန်ရေးအင်အားစုအနေနဲ့ စစ်အုပ်စုရဲ့ အကြံအစည်တွေကို ဖွင့်ချဖော်ထုတ်ပြီး ထွက်ပေါက်မှန်သမျှကို အခိုင်အမာပိတ်ဆို့သွားကြဖို့ တိုက်တွန်းထားပါတယ်။