ဒုရဲအုပ်တစ်ဦးကို မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းတစ်နေရာမှာ ဖမ်းဆီးမိ

ပုလိပ်ရဲတပ်ရင်း ၁၄ က ဒုရဲအုပ်တစ်ဦးကို မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းတစ်နေရာမှာ ဖမ်းဆီးမိခဲ့တယ်လို့ Eagles Army-HPDFက ဒီကနေ့ထုတ်ပြန်ပါတယ်။
ဒုရဲအုပ်သန်းဝင်းအောင် (ကိုယ်ပိုင်နံပါတ် လ/၁၉၆၄၃၃)ကို သတင်းအရ စောင့်ကြိုဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁၀ရက်နေ့က တပ်မ (၈၈)၊တပ်ရင်း ခလရ (၈၃) က ထွက်ပြေးလာတဲ့ တပ်သား သက်ကိုကိုထွေး(ကိုယ်ပိုင်နံပါတ် တ /၅၇၀၅၇၂) နဲ့ တပ်သား ရှိုင်းဝနအောင် (ကိုယ်ပိုင်နံပါတ် တ ၅၇၀၅၇၃) တို့ကို မန္တလေး-ဗန်းမော်မဟာဗျူဟာလမ်းတနေရာမှာ Eagles Army-HPDF က တွေ့ရှိပြီး ပြည်သူ့ရင်ခွင်ကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
Eagles Army-HPDF ဟာ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်ပါတယ်။