အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ တရားမ၀င်လုပ်ရပ်တွေကို ဖိလစ်ပိုင် ကန့်ကွက်

Photo – Reuters

ဖိလစ်ပိုင်နိုင်ငံ ၊ မြို့တော်မနီလာရဲ့ မိုင်၂၀၀ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်ရဲ့ ရေကြောင်းသွားလာမှု ဆိုင်ရာ လှုပ်ရှားမှုတွေအပေါ်  ဖိလစ်ပိုင်က ဇွန်လ ၁၀ရက်နေ့မှာ  ကန့်ကွက်လိုက်ပါတယ်။

ဒါဟာ အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်ရဲ့ ဒုတိယမြောက် သံတမန်ရေး ကန့်ကွက်မှုဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ တရားမ၀င်လုပ်ဆောင်မှုတွေအပေါ် တိုင်ထားတဲ့ တိုင်ကြားစာပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ဖိလစ်ပိုင်ရဲ့ကမ်းနားတစ်ဝိုက်မှာ ဖိလစ်ပိုင် လှေတွေကို နောက်ယောင်ခံလိုက်နေပြီး တရားမဝင်ငါးဖမ်းလုပ်ငန်းတွေမှာ တရုတ်နိုင်ငံ ပါဝင်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်ရဲ့တရားဝင်လှုပ်ရှားနေတဲ့အဲဒီနေရာမှာ ငါးဖမ်းဖို့၊ စောင့်ကြည့်ဖို့ ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အာဏာမရှိဘူး” လို့ ဆက်လက်ဆိုပါတယ်။ မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့တောင်းဆိုမှုကို ဘာမှမတုန့်ပြန်ခဲ့ဘူးလို့ သိရပါတယ်။

နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရဲ့အစိတ်အပိုင်း တော်တော်များများကို သူ့ပိုင်နက်ဖြစ်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာဆိုထားတာ ဖြစ်ပါတယ်။