ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ ဦး သေဆုံးနိုင်

ကင်းပုန်းဝပ်ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့အကြမ်းဖက်စစ်သား၃၀ လောက်ကို စစ်ကိုင်းတိုင်း၊မော်လူးမြို့နယ်နဲ့ နန့်စီးအောင်ကြား လမ်းပိုင်းမှာ ကေအိုင်အေက မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး တပ်တွင်းသတင်းရင်းမြစ်တေွနဲ့ သတင်းပေးပို့ချက်အရ စစ်သား၉ဦးလောက်ဒဏ်ရာရရှိခဲ့ကာ၂ဦးသေဆုံးနိုင် တယ်လို့သိရကြောင်း Indaw Revoiution –IR က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရတဲ့သူတွေကို စစ်ကားနဲ့ မိုးညှင်းဘက်ပို့လိုက်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးနဲ့ရမ်းထုပြီး ခရီးသွား ကားနဲ့ဆိုင်ကယ်တွေကိုလည်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။