မီတာ ၅၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ SG2 တာဝေးပစ်အမြောက်ကို SHADOW ထုတ်လုပ်ရေးနှင့်လက်နက်ကြီး တပ်ဖွဲ့က တီထွင်ဖန်တီးနေပြီဖြစ်ကြောင်းသိရပါတယ်။
အတွေ့အကြုံတွေအရ ထုတ်လုပ်ရေးအပိုင်း လိုအပ်ချက်နဲ့လက်နက်ပစ္စည်း အားနည်းချက်ကြောင့်တိုက်ခိုက်ရေးရဲဘော်တွေအတွက် အန္တရာယ်များလွန်းတဲ့အတွက်ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ အရင်ပစ္စည်းတွေလို အကြိမ်ကြိမ်စမ်းသပ်ပြီးမှသာတိုက်ခိုက်ရေးအဖွဲ့ကို ပေးသုံးမှာဖြစ်ပြီးလက်ရှိမှာ စိတ်ချရတဲ့ လက်နက်အရည်အသွေးဖြစ်အောင် ကြိုးစားဖန်တီးနေကြောင်း SHADOW အဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
SHADOW ထုတ်လုပ်ရေးရဲဘော်တွေဟာ လူငယ်ပီပီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်နေ့စဉ်နဲ့အမျှ လက်နက်ပစ္စည်းတွေကို တီတွင်ဖန်တီးနေပြီး လက်နက်ကြီးကျည်တွေကို စစ်သုံးယမ်းစနစ်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ယမ်းအမျိုးအစားလိုအပ်ချက်ကြောင့် Ammonium nitrate(ပုလဲယမ်း)ကိုသာ အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။