ခလရ(၈၃)ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်

ခလရ (၈၃) ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ Eagles Army-HPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၀ ရက်နေ့မှာ တပ်မ (၈၈)၊ တပ်ရင်း ခလရ (၈၃) ကတပ်သား သက်ကိုကိုထွေး (ကိုယ်ပိုင်နံပါတ် တ /၅၇၀၅၇၂) နဲ့ တပ်သား ရှိုင်းဝနအောင် (ကိုယ်ပိုင်နံပါတ် တ ၅၇၀၅၇၃) တို့ကို မန္တလေး-ဗန်းမော်မဟာဗျူဟာလမ်းတနေရာမှာ Eagles Army-HPDF ကဖမ်းဆီးရမိခဲ့ပြီးနောက် ပြည်သူ့ရင်ခွင်ကို ပို့ဆောင်ပေးခဲ့တာပါ။
Eagles Army-HPDF ဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်ပါတယ်။