မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေနားမှာ ဗုံးခွဲ၊ မိုင်းထောင်ဖို့ စစ်တပ်နဲ့ ပျူစောထီးတွေကိုညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေကပြောတယ်လို့ သထုံပကဖက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့လာတာနဲ့အမျှ ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား သွေးခွဲ သပ်လျှိုလိုသော ရည်ရွယ်ချက်နဲ့ အဲဒီလို ကြံစည်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မွန်ပြည်နယ်အတွင်း သထုံမြို့နယ်မှာ PDFလှုပ်ရှားမှုတွေ အားကောင်းတာကြောင့် ကျောင်းတွေနားမှာ ဗုံးခွဲ ဖို့ စစ်တပ်ရဲ့ကြံစည်မှုဟာ ဖြစ်နိုင်ခြေရှိတယ်လို့ သထုံမြို့၊မင်းလမ်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘PDF အားကောင်းတဲ့မြို့တွေမှာ မြို့ခံတွေကိုလည်း ဒုက္ခပေးရာရောက်တယ်။PDFတွေကိုလည်း ထိုးချလို့ရ တယ်ဆိုတော့ စစ်တပ်ရဲ့ကြံစည်မှုဟာ သထုံမှမဟုတ်ဘူး။သထုံ လို PDF အားကောင်းတဲ့မြို့တိုင်းမှာဖြစ်နိုင် ပါတယ်။စစ်တပ်ဆိုတာ ဘယ်သူသေသေ သူတို့အာဏာရရေးကိုပဲခေါင်းထဲထည့် တာမို့ မိဘတွေအနေနဲ့ သတိ ထားကြစေချင်တယ်’လို့ သူကပြောပါတယ်။
သထုံပကဖ အနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာစေမယ့်လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ လည်းထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့်သထုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းနားတွေမှာ ဗုံးပေါက်ကွဲခဲ့ပါက စစ်တပ်လက်ချက်သာဖြစ် မယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။