အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ပိုအသေးစိတ်ဖို့နဲ့ အချိန်သတ်မှတ်ချက်ထားဖို့ မလေးရှားနိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က အကြံပြုလိုက်ပါတယ်။
ဇွန်လ၁၀ရက်နေ့ကနေ ၁၂ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရှေ့ဆက်ရေး နည်းလမ်းရှာခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သူက အဲဒီလိုပြောကြားလိုက်တာပါ။
မြန်မာ့အရေးအာဆီယံမူ၅ရပ်ဟာ တစ်နှစ်ကျော်ကြာလာခဲ့ပေမဲ့ တိုးတက်မှုမရှိတဲ့အတွက် အဓိပ္ပါယ်ပြည်ဝစွာ ဖော်ဆောင်နိုင်ရေးအတွက် အားလုံးကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ နည်းလမ်းသစ်ဖန်တီးဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပါဝင်ရမှာဖြစ်ပြီး ဒီထက်ပိုကျယ်ပြန့်အောင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC )တို့ပါ ပါဝင်ရမယ်လို့ လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
‘မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မူ၅ရပ်နဲ့ပတ်သက်ပြီး ပိုအသေးစိတ်ကျတဲ့ နိုင်ငံရေးလမ်းညွှန်ချက်တွေ ပါရ မယ်လို့ပြောသွားတယ်။ဆိုလိုတာက အခုမူ၅ရပ်ဆိုတာက လုပ်ချင်လုပ်၊မလုပ်ချင်နေ ကြိုက်တဲ့အချိန်လုပ်ပါဆိုတဲ့သ ဘော။အဲလို အပေါ်ယံအမြင်လှရုံလုပ်ထားတဲ့ မူ၅ရပ်ကို တကယ့်အလုပ်ဖြစ်လာအောင် အသေးစိတ်ပြန်မွမ်းမံဖို့ တိုက်တွန်းတာ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။
အာဆီယံမူ၅ရပ်မှာ မဖြစ်မနေအကောင်အထည်ဖော်ရမယ့်အချိန်ကန့်သတ်ချက်နဲ့ မဖော်ဆောင်ရင် ဘယ်လိုဆက် ကိုင်တွယ်မလဲဆိုတဲ့ အချက်ပါကိုပါရမယ်လို့ သူကဆက်ပြောပါတယ်။