အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ကနေ ထွက်ခွာပြီး လက်နက်နဲ့တကွ ပြည်သူ့ထံအလင်းဝင်လာသူတွေအတွက် ဂုဏ်ပြုဆုငွေချီးမြင့်ပွဲကို ဇွန်လ ၈ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက်(၂)ခုနဲ့ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ် ကိုရဲ(အမည်လွှဲ) ကို နှစ်ဆယ့်လေးသိန်းငါးသောင်းကျပ် ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက်(၄)ခုနဲ့ အလင်းဝင်လာတဲ့ တပ်သား ကိုဇော်(အမည်လွှဲ)ကို နှစ်ဆယ့်တစ်သိန်းကျပ် ချီးမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် MA-1 (၁)လက်၊ ကျည်အိမ်(၃)ခု၊ ကျည်(၇၈)တောင့်၊ ကျည် ကာအင်္ကျီ(၁)ထည်၊ ယူနီဖောင်း(၁) စုံနဲ့ အလင်းဝင်လာတဲ့ တပ်သား ကိုနိုင်(အမည်လွှဲ) ကို ဆယ့်ရှစ်သိန်းကျပ် ၊ လက်ပစ်ဗုံး ၂ လုံး၊ M 22 ကျည် (၃)တောင့်၊ 9 mm ကျည် (၁)တောင့်၊ 7.62 ကျည် (၁၄)တောင့်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ကြီး ကိုစစ်(အမည်လွှဲ)ကို ငါးသိန်းကျပ် ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
စုစုပေါင်း ခြောက့်ဆယ့်ရှစ်သိန်းငါးသောင်းကျပ်တိတိ ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ထံ အလင်းဝင်လာတဲ့ ပြည်သူ့သားကောင်း တပ်သားနဲ့ရဲသားတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးသွားမှာဖြစ်ပြီး လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ တပ်သားတွေကို ဂုဏ်ပြုဆုငွေတွေ ဆက်လက်ချီးမြှင့်ဖို့ အစီအစဉ်ရှိတယ်လို့ ဖော်ပြထားပါတယ်။