မလေးရှားနိုင်ငံမှာ COVID-19 အိုမီခရွန်မျိုးခွဲနှစ်ခု တွေ့ရှိ

Photo – AFP

မလေးရှားနိုင်ငံမှာ အလွန်ကူးစက်မြန်တဲ့ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး Khairy Jamaluddin က ဇွန်လ ၉ ရက်မှာ ပြောပါတယ်။ BA.5 မျိုးကွဲနှစ်ခုနဲ့  BA.2.12.1 မျိုးကွဲတခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တွစ်တာမှာ ရေသားထားပါတယ်။

အဲဒီမျိုးကွဲနှစ်ခုကို အိုမီခရွန်မျိုးကွဲအောက်မှာ စောင့်ကြည့်စာရင်းနဲ့  WHO က အမျိုးအစားခွဲထားတယ်လို့ Mr Khairy က မှတ်ချက်ပြုခဲ့ပါတယ်။ အမျိုးအစားနှစ်မျိုးလုံးက မူရင်း ကိုရိုနာဗိုင်းရပ်ထက် ပိုမို ကူးစက်မြန်တယ်လို့ ဆိုပါတယ်။

BA.2 မျိုးကွဲနဲ့  BA.2.12.1 မျိုးကွဲဟာ အမေရိကန်ပြည်ထောင်စုမှာ COVID-19 မျိုးကွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ဧပြီလမှာ ပြောခဲ့ပါတယ်။

BA.5 မျိုးကွဲကို တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တာပါ။ “လူတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေ ပြုလုပ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ လုပ်နိုင်ရင် ဒါက ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ တခြားအရာအားလုံးကို သိသိသာသာ အားကောင်းစေမှာပါ” လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။