ခရမ်းမှာ မူလတန်းကလေးတွေသာ ကျောင်းတက် များ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်မှာ မူလတန်းကလေးတွေသာကျောင်းတက်အများဆုံးဖြစ်ကြောင်း သိရပါတယ်။
ခရမ်းတစ်မြို့နယ်လုံးအတိုင်းအတာအရ ကျောင်းအပ်နှံထားသူစုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး တကယ်တမ်း ကျောင်းတက်ရောက်တာကတော့ ၂၂၀၀ ကျော်သာရှိခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဆိုပါတယ်။
မြို့ပေါ်ကျောင်းတွေဖြစ်ကြတဲ့ အ.ထ.က(၂)မြို့မ ကျောင်းမှာ ကျောင်အပ်နှံထားသူ ၁၄၁၇ ဦးရှိပြီး တကယ်တမ်းကျောင်းတက်သူဦးရေ၉၅၅ ဦးနဲ့ ခရမ်းမြို့ အ.ထ.က(၁)ကျောင်းမှာ ကျောင်းအပ်နှံထားသူ ၁၀၈၁ဦးရှိပြီး တကယ်တမ်းကျောင်းတတ်သူ ၉၂၃ ဦးသာရှိကြောင်းသိရပါတယ်။
အဲဒီစာရင်းတွေဟာခရမ်းမြို့နယ်ပညာရေးဌာန အထောက် တော်တစ်ဦးက ပေးပို့တဲ့ စိတ်ချရတဲ့ကိန်းဂဏန်း တွေဖြစ်တယ်လို့ ခရမ်းချန်နယ်ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျန်ရှိနေတဲ့ကျောင်းသားဦးရေကတော့ ရပ်/ကျေးစာသင်ကျောင်းတွေမှာဖြစ်ပါတယ်။အထက်တန်းကျောင်းသားတွေကတော့ ကျောင်းအပ်ရာခိုင်နှုန်းထက် တတ်ရောက်တဲ့ရာခိုင်နှုန်းက ပိုမိုနည်းပါးကြောင်း သိရပါတယ်။
‘မနှစ်ကနဲ့နှိုင်းယှဉ်ရင်တော့ ဒီနှစ်ကများတော့များတယ်ဗျ။မနှစ်ကဒီလောက်မတက်ကြဘူး’လို့ ခရမ်းမြို့ပေါ် နေ တက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
အရင်နှစ်က ကျောင်းတွေရှေ့မှာ စစ်တပ်ကစောင့်နေတာမျိုးတွေ့ခဲ့ရပေမဲ့ ဒီနှစ်မှာ အခုအချိန်ထိ ကျောင်းတွေ ရှေ့စစ်သားတွေစောင့်တာမတွေ့ရသေးဘူးလို့သူကပြောပါတယ်။
ခရမ်းမြို့ဟာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း အာဏာရှင်ခုခံတော်လှန်မှုအားအကောင်းဆုံးမြို့ဖြစ်ပြီး ခရမ်းPDFတွေရဲ့ တိုက်ခိုက်မှုကိုစစ်တပ်က အလူးအလဲခံနေရဆဲဖြစ်ပါတယ်။