ဝဏ္ဏမောင်လွင်ကို အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမဖိတ်

စစ်အုပ်စုခန့် ဝဏ္ဏမောင်လွင်ကို အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်ဖို့ အိန္ဒိယ က ဖိတ်ကြားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
လာမယ့်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပမယ့် အဲဒီအစည်းအဝေးဖိတ်ကြားမှုကို အိန္ဒိယအနေနဲ့လည်း အာဆီယံရဲ့သဘောထားအတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ The Economic Times (ET) က ရေးသားထားပါတယ်။
နိုင်ငံရေးရာထူးမယူထားတဲ့ ကိုယ်စားလှယ်ကိုပဲ အစည်းအဝေးပွဲတွေ ဖိတ်ကြားမယ့် အာဆီယံဆုံးဖြတ်ချက်ကြောင့် အခုအစည်းအဝေးကို ဝန်ကြီးဌာနအရာရှိတွေကိုပဲ အိန္ဒိယက ဖိတ်ကြားထားတယ်လို့တော့ အဲဒီသတင်းမှာဖော်ပြပါတယ်။