မိုးဗြဲမှာစစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေ

ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အတွင်းကို စစ်အုပ်စုတပ်တွေ ဒီနေ့ဇွန်လ ၇ ရက်နေ့ နံနက် ၇နာရီခန့်မှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ Mobye Rescue Team ကဆိုပါတယ်။

 မိုးဗြဲမြို့တွင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဟာလက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ပြည်သူများအနေနဲ့မလိုအပ်ပဲ နေအိမ်အပြင် မထွက်ဖို့နဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိပါက Mobye Rescue Team ကိုဆက်သွယ်ဖို့လည်း ပြောပါတယ်။

 အာဏာသိမ်းစစ်အုပ်စုတပ်ဟာဖယ်ခုံ၊ လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်တို့မှာ စစ်ကြောင်းတွေပြန်ထိုး နေပြီး လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်နေတာပါ။