စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး – ရေဦးလမ်းပိုင်းရှိ သာဂရကျေး ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၄ ရက်နေ့ မှာဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ကျော်မီးထဲပါသွားပြီး ကျေးရွာနေ အသက် ၇၉ နှစ်အရွယ် အဘွားအိုဒေါ်ရှိကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ခင်ဦး pdf ကပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ကျေးရွာအတွင်းက ပြည်သူပိုင် နေအိမ် ၇ဝ ကျော်၊ ဆန်စပါး တင်း ၁ သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို လယ်ယာသုံး နွားတွေကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
ဇွန်လ ၅ရက်နေ့စစ်အုပ်စု မီးရှို့ထားတဲ့နေရာကို ဝင်ရှင်းရင်းနဲ့ အသက် ၇၉နှစ်အရွယ် အဖွားအို ဒေါ်ရှိ အလောင်းကို ရှာတွေ့ခဲ့တာပါ။
စစ်ကိုင်းတိုင်းခင်ဦးမြို့နဲ့အနီးတဝိုက်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုတပ်တွေက နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတာပါ။