ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေ သတိကြီးကြီးထားကြဖို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတေွနဲ့ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ကာ ခရမ်းပြည်သူနဲ့ ခရမ်းPDF ကြား အထင်အမြင်လွဲမှားအောင်ပြုလုပ်လာနိုင်တယ်လို့ ခရမ်းချန် နယ်ကဆိုပါတယ်။
‘အခုခရမ်းချန်နယ်ကနေပြီး သွေးသောက်ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ပြီး တယ်လီဂရမ်မှာ တင်ပေးထားတယ်။ပြီးတော့မှ သွေးသောက်တွေလုပ်လာနိုင်တာတွေကို သတိပေးအတွက် ခရမ်းချန်နယ်ရဲ့ စနစ်ကျမှုကို ကျေးဇူးတင်ရတယ်။သွေးသောက်တွေကို လူတွေကြားမြင်ရင် ခရမ်းပြည်သူတွေ သတိထားမိသွားတာပေါ့။ဒီကောင်တွေက ပြည်သူကိုလည်းမုန်းနေတာဆိုတော့ ပြည်သူကိုပစ်မှတ်ထားတိုက် ခိုက်မယ်။ခရမ်းPDF လုပ်တယ်ဆိုတာမျိုး လွှဲချပြီးဝါဒဖြန့်မယ်။တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်လာနိုင်တယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
မေလ၃၁ရက်နေ့၊ရန်ကုန်မြို့တွင်းက ဘားလမ်းမှတ်တိုင်မှာဗုံးကွဲမှုကို သက်သေခိုင်လုံစွာထုတ်မပြနိုင်ကြပေ မဲ့ အကြမ်းဖက်စစ်တပ်က လုပ်ဆောင်တာလို့ အများပြည်သူက ယူဆကြကြောင်းသူက ဆက်ပြောပါတယ်။
ခရမ်းမြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးဒလန်အကြီးစား၊ ပျူစောထီးခေါင်းဆောင်နဲ့ သွေးသောက်အဖွဲ့ဝင်တစ်ဦးရဲ့ပုံကို ခရမ်းချန်နယ် တယ်လီဂရမ်စာမျက်နှာhttps://t.me/khayanchannel/2009?single မှာ အများပြည်သူသိရှိအောင် ဖော်ပြထားပြီးကျန် သွေးသောက်အဖွဲ့ဝင်တွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ခရမ်းချန်နယ်ကထုတ်ပြန်ထားပါတယ်။