ရန်ကုန်ပြည်သူကို ဒုက္ခပေးနေတဲ့ ခိုးဆိုးလုယက်တွေ ရပ်ကြဖို့ မြို့ပြPDF သတိပေ

ရန်ကုန်ပြည်သူတွေရဲ့ လုံခြုံရေးကို အုပ်စုဖွဲ့ရမ်းကားနေသူတွေအနေနဲ့ ရပ်တန်းကရပ်ကြဖို့ Soul Takers _Yangon Underground Force ကသတိပေးလိုက်ပါတယ်။
မှတ်တိုင်တွေ၊ YBS ကားပေါ်နဲ့ လမ်းသွားလမ်းလာ လူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင် အုပ်စုဖွဲ့ ရမ်းကားနေတဲ့ လူဆိုးလူမိုက်တွေကို တွေ့မြင်လာရပြီး လူကြီး ၊လူငယ် ၊ကျား၊မ မရွေး လုယက်ခံရတာတွေနဲ့ ပြန်ပေးဆွဲခံရတာတွေကို တွေ့မြင်ကြားသိရကြောင်းအခုအခါလုယက်မှုကနေတစ်ဆင့် ပြည်သူလူထု အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ အထိ ပြုလုပ်လာခြင်းနဲ့ အမျိုးသမီးတွေအိန္ဒြေ ပျက်ပြားလာစေခြင်းအထိ အမျိုးမျိုးကျူးလွန်နေကြကြောင်း ထုတ်ပြန် ထားပါတယ်။
‘ကားပေါ်လုတာ၊လမ်းမှာလုတာ အားလုံးမျက်မြင်ပဲများလာတာ။လုတဲ့သူတွေက ဓားတွေပါလာတော့ ဘယ်သူမှလည်းမကူရဲဘူး။ရဲစခန်းဆိုတာကလည်း သူတို့စခန်းဗုံးမမှန်ဖို့ပဲ ကာကွယ်နေတော့ ရန်ကုန်ဟာ အမှောင်လောကကြီးဖြစ်နေပြီ’လို့ ရန်ကုန်၊လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
သတိပေးကာလမှာ ခိုးဆိုးလုယက် အစုအဖွဲ့တွေအနေနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားကြဖို့နဲ့
သတိပေးကာလ ကျော်လွန်သွားပါက ပြည်သူကို နှောက်ယှက်သူအဖွဲ့အစည်းလို့ သတ်မှတ်ကာ လိုအပ်သလို စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း Soul Takers _Yangon Underground Force ကထုတ်ပြန်ပါတယ်။
‘မြို့ပြPDF တွေအနေနဲ့ စစ်တပ်ပစ်မှတ်တွေကိုပဲ ထိသထက်ထိအောင်တိုက်စေချင်တယ်။ခိုးဆိုးလုယက်ကိစ္စတွေကို လမ်းကြုံလို့လုပ်တာလောက်ပဲ လုပ်စေချင် တယ်။အဓိကကတော့ PDF တွေရဲ့ အဓိကရည်ရွည်ချက် မပျက်စေချင်ဘူး’လို့ တောင်ဥက္ကလာ၊‌၁၄ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
သတိပေးကာလကျော်လွန်သွားတဲ့ အခါ လူမှုလုံခြုံရေးအရ ထိပါးစော်ကားခံရတဲ့ ပြည်သူတွေ တိုင်တန်းနိုင်မယ့် Channel ကို ကြေညာပေးသွားမယ်လို့လည်းဆိုပါတယ်။