စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီး တိုက်ခိုက်ခံရ၊ ဆလင်ခန်းထိမှန်

PHOTO-မြို့လှPDF
ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောသုံးစီးကို မြို့လှ KPDF တပ်က လမ်းခုလတ် မြစ်ကမ်းတနေရာက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးရဲ့ ဆလင်ခန်း ထိမှန်ခဲ့ ကြောင်းသိရပါတယ်။
H-22 လက်လုပ်ရှေ့ပြေးမိုင်း ၄ လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး ကျည်တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အတန်းလိုက်စုန်ဆင်းလာတဲ့ သင်္ဘောသုံးစီးအနက် နောက်ဆုံးအစီးရဲ့ဆလင် င်ခန်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှPDF ကထုတ်ပြန်ပါတယ်။
မြို့လှ KPDF တပ်ခွဲ (၁) ဟာ ဒီ‌နေ့မနက် ၈ နာရီလောက်မှာ ကျောက်ကြီးရွာနဲ့ ဆင်ကုန်တိုင်ရွာကြား မြစ်ကမ်းတနေ့ရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာ သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ တရစပ် ပြန်လည်ပစ်ခတ်ကာ ဘိုကုန်းရွာမှာ ဆိုက်ကပ်သွားခဲ့ပါတယ်။
မြို့လှ KPDF တပ်က အထိအခိုက်မရှိဘဲ အသာစီးရယူ ပစ်ခတ်နိုင်ခဲ့ခြင်းလို့ဆိုပါတယ်။
စစ်သင်္ဘောသုံးစီးဟာ ဒီ‌ေန့မနက်၆နာရီ၃၅မိနစ်လောက်က ရွှေကူမြို့ဆိပ်ကမ်းကနေ ပရိဘောဂနဲ့တခြားပ စ္စည်းတွေတင်ဆောင်ကာ စတင်စုန်ဆင်းလာခြင်းဖြစ်ပါတယ်။