ရွှေကူကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်း၊မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်နိုင်

PHOTO-မြို့လှPDF
ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်းလာပြီမို့ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ် နိုင်တာကြောင့် သတိရှိကြဖို့ မြို့လှPDF က သတင်းထုတ်ပြန်ပါတယ်။
စစ်သင်္ဘောသုံးစီးဟာ ဒီ‌ေန့မနက်၆နာရီ၃၅မိနစ်လောက်က ရွှေကူမြို့ဆိပ်ကမ်းကနေ ပရိဘောဂနဲ့တခြားပ စ္စည်းတွေတင်ဆောင်ကာ စတင်စုန်ဆင်းလာခြင်းဖြစ်ပါတယ်။
‘PDFတွေက စစ်သင်္ဘော တွေကို တိုက်ခိုက်တယ်ဆိုတာ ရွာတွေနဲ့ မနီးတဲ့နေရာတွေကနေတိုက်တာများပါတယ်။အဲဒါကိုပဲ ဒီကောင်တွေက သူတို့အတိုက်ခံရမှာကြောက်ပြီကြောက်ကန်ကန်တဲ့အနေနဲ့ ရွာတွေမြင်ရင် ရွာတွေထဲ လက်နက်ကြီးနဲ့ပါထုတာ။ပြည်သူမြင်ရင် ဒုက္ခပေးရ မယ်ဆိုအသိက စစ်ခွေးတွေဦးနှောက်ထဲစွဲနေပြီ’လို့ ကသာမြို့၊ရပ်ကွက်၅နေ ပြည်သူတစ်ဦးကပြောပါတယ်။
သင်္ဘောပေါ်က စစ်သား အင်အားတချို့ကို ကုန်းလမ်း ၊ရေလမ်းနဲ့ ရွှေကူမြို့အောက်ဘက် ဆီလုံခြုံရေးအနေနဲ့ တပ်ဖြန့်ထားကြောင်း မြို့လှPDF ကဆိုပါတယ်။
သင်္ဘောပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မြစ်ကမ်းတစ်လျှောက်ပစ်ခတ်နိုင်ဖွယ် ရှိကြောင်းလည်း ဆိုပါတယ်။