ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ကလေးမွေးဖွားမှု စံချိန်တင် ကျဆင်းခဲ့တယ်လို့ ဇွန်လ ၃ရက်နေ့က ထုတ်ပြန်တဲ့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မနှစ်က ကလေးမွေးဖွားမှု ၈၁၁,၆၀၄ ဦးရှိခဲ့ပြီး ဒါဟာ ၁၈၉၉ခုနှစ်ကတည်းက ကျန်းမာရေး ဝန်ကြီးဌာန အချက်အလက်တွေအရ အနည်းဆုံးအရေအတွက်ဖြစ်ကာ သေဆုံးသူအရေအတွက် ၁,၄၃၉,၈၀၉ ဦးအထိ တိုးလာခဲ့တာပါ။
ပုံမှန်ကလေးမွေးဖွားနှုန်းအနေနဲ့ အမျိုးသမီးတစ်ဦးကနေ မွေးဖွားတဲ့ ပျမ်းမျှကလေးအရေအတွက်ဟာ ခြောက်နှစ်ဆက်တိုက် ၁ ဒဿမ ၃ ကို ကျဆင်းသွားပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုဦးရေအမြင့်ဆုံးနိုင်ငံတနိုင်ငံပါ။ ကိုဗစ်ကပ်ရောဂါကာလမှာ နယ်စပ်တွေပိတ်ထားတာကြောင့် နိုင်ငံတွင်းလုပ်သားအင်အားကိုလည်း လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။
ဂျပန်အစိုးရခန့်မှန်းထားတဲ့ စီးပွားရေးရည်မှန်းချက်တွေကို ပြည့်မီအောင်ဆောင်ရွက်ဖို့ ၂၀၄၀ခုနှစ်မှာ ပြည်ပလုပ်သားအင်အား လေးဆတိုးပြီး လိုအပ်လာလိမ့်မယ်လို့ တိုကျိုအခြေစိုက်သုတတေသနအဖွဲ့တခုက ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။