မြင်းမူ နှစ်ရက်ဆက်မိုင်းတိုက်ပွဲ စစ်သားတွေ သေဆုံးဒဏ်ရာရ များ

စစ်အင်အားနဲ့ရိက္ခာဖြည့်တင်းခြင်းဆောင်ရွက်နေတဲ့ စစ်ကိုင်း-မုံရွာကားလမ်းမကြီးပေါ် က အကြမ်းဖက်စစ်ကားတွေကို မြင်းမူမြို့နယ်အတွင်း ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရများပြားကြောင်းသိရ ပါတယ်။
ဇွန်လ ၁ရက်နေ့၊ ညနေ ပိုင်းမှာ စစ်ကိုင်းကနေ မုံရွာဘက်သွားနေတဲ့ အကြမ်းဖက်စစ်ကား(၃)စီးကို မြင်းမူမြို့နယ် ဉဘိုးမင်းကြီးကင်းကျေးရွာ အနောက်ဘက်မှာ ပဒေသာမိုင်း (၃)လုံးတွဲ နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးကို ထိမှန်ပြီး သေဆုံးမှု များပြားနိုင်ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က မနေ့ညကထုတ်ပြန်ပါတယ်။
မေလ ၃၀ ရက်နေ့၊ မနက်ပိုင်းကလည်း မုံရွာကနေ ထွက်လာတဲ့ စစ်အင်အား ၂၅ဦးပါဖောကားကို မြင်းမူမြို့နယ်၊ အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာ ရှေ့ထွက်ပြောင်း (၃)လုံး၊ ပဒေသာမိုင်း (၅)လုံးတွဲတို့နဲ့ တိုက်ခိုက်ခဲ့ရာ ကားထိမှန်ခဲ့ပြီး စစ်သားတွေဒဏ်ရာရရှိခဲ့ပါတယ်။
‘ဒီလမ်းကလွဲပြီးစစ်ခွေးတွေသုံးစရာမရှိဘူး။ပြည်သူတွေကားတွေကလည်း PDF တွေပြောတဲ့အတိုင်း မှန်ချမောင်းနေတာဆိုတော့ စစ်သားတွေစစ်ကားမစီးလည်း စစ်သားမှန်းသိကြတယ်။ပြီးတော့ တပ်တွင်း ဖရဲသီးတွေလည်းအခိုင်အမာရှိနေတော့ များသောအားဖြင့် စစ်ခွေးတွေလမ်းပေါ်တက်လာပြီဆိုသိကြတယ်’ လို့ မြင်းမူမြို့အနောက်ပိုင်းရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
အဲဒီနှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုကို Black Eagle Defence Force-MMU ကဦးဆောင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအ ခိုက်မရှိခဲ့ပါဘူး။