မြင်းမူမှာ မိုင်းရှင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရ၊ အနည်းဆုံး ၇ ဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းနေတဲ့အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အနည်း ဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ဝမ့်ပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ အရပ်ဝတ်ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံပါတဲ့ အကြမ်းဖက်စစ်သား ၁၀ ဦး လာရောက်မိုင်းရှင်းနေစဉ် Knight Commanders ( MMU) နဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တို့ ပူးပေါင်းမိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း Knight Commanders( MMU) က ထုတ်ပြန်ပါတယ်။
Knight Commanders (MMU) ဟာ ပြောက်ကျားစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ပြည်သူတွေ အထိအခိုက်မရှိစေဖို့ အထူးဂရုပြု ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။