
မိုးတွင်းကာလကိုရောက်လာပေမဲ့ တိုက်ပွဲတွေမပြတ်သေးတဲ့အတွက် ဒုက္ခသည်တွေရဲ့ အခြေအနေပိုဆိုးလာစရာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujerric က ဇွန်လ၁ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
အခုနှစ်ဧပြီလကစပြီး မိုးရွာသွန်းမှုကြောင့် ရခိုင်၊ ကချင်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက ပြည်တွင်း ဒုက္ခသည်တွေရဲ့ တဲအိမ်တွေ ပျက်စီးခဲ့ရပါတယ်။
ဒေသခံလူမှုအဖွဲ့တွေနဲ့ အကူအညီပေးရေး အေဂျင်စီတွေ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။
၂၀၂၁ဖေဖေါ်ဝါရီ၁ရက်နေ့၊စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေနဲ့ မလုံခြုံမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေးသူ ၇ သိန်း နီးပါးရှိပြီဖြစ်ပြီး ထိုင်းနဲ့ အိန္ဒိယကို ထွက်ပြေးရသူက ၄ သောင်းနီးပါး ရှိပါတယ်။
အာဏာ မသိမ်းခင်က အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတွင်း အိုးအိမ်စွန့် ထွက်ပြေးရသူ ၃၄၆,၀၀၀ လောက် ရှိနေတာကြောင့် လက်ရှိ မှည အိုးအိမ်စွန့် ထွက်ပြေးရသ ၁ သန်းကျော်သွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲက ပြည်သူ ၆ ဒသမ ၂ သန်း ကျော်ဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပါတယ်။ သူတို့ကို အကူအညီပေးနိုင်ရေးအတွက် အဟန့်အတားတွေ အမြန်ပြေလည်သွားအောင် လုပ်ပေးဖို့လိုပါတယ်လို့ Stephen Dujerric က ဆိုပါတယ်။
Photo -ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်