ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာ ၁၀၄ဦးကို စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်က အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေလ ၂၇ရက်နေ့ ညနေပိုင်းမှာ ဂွမြို့နယ်ဘက်ကနေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေကို စစ်အုပ်စု စစ်ဆေးရေးအဖွဲ့က တားစီးစစ်ဆေးရာမှာ ယာဉ်မောင်း ဦးကျော်စိုးဝင်း မောင်းနှင်လာတဲ့ ကားပေါ်ကနေ ရိုဟင်ဂျာ ကျား ၁၇ဦး၊ မ ၁၄ဦး၊ အရွယ်မရောက်သေးသူ ကလေးငယ် ၁ဦးကို တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ယာဉ်မောင်း ဦးဇော်ဇော်နိုင် မောင်းနှင်လာတဲ့ အဖြူရောင် ၆ဘီးတပ်ယာဉ်ပေါ်ကနေ ကျား ၅၇ဦး၊ မ ၄၂ဦးနဲ့ အရွယ်မရောက်သေးသူ ကလေး ၄ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအရ သူတို့ဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ ၊ အဲ့ဒီကနေတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ဖို့အတွက် ပွဲစားတွေအစီအစဥ်နဲ့ ထွက်ခွာလာခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။