အကြမ်းဖက်စစ်တပ်ချိပ်ပိတ်ခဲ့တဲ့ နေအိမ်နဲ့အဆောက်အအုံ ၆၀၀ နီးပါးရှိ

CRPH၊NUG၊PDF တွေနဲ့ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ချိပ်ပိတ်ခဲ့တဲ့နေအိမ်နဲ့အဆောက်အအုံ ၆၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ဖေဖေါ်ဝါရီ၁ရက်ကနေ ၂၀၂၂မေလ၂၀ရက်နေ့အထိ အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတွေနဲ့ဆက်စပ်ပြီး နေအိမ်နဲ့ အဆောက်အအုံ ၅၈၆လုံးထက်မနည်းကို စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်း ခဲ့ခြင်းဖြစ်ကြောင်း ISP-Myanmar ကထုတ်ပြန်ပါတယ်။
သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုက အများဆုံး ဖြစ် ပြီး ၃၇၃ လုံးထက်မနည်းရှိကာ စုစုပေါင်း သိမ်းဆည်းခံရမှုရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
NLD ပါတီဝင်တွေနဲ့ ပါတီရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ အဆောက်အအုံ ၆၆ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ISP-Myanmar ကဆိုပါတယ်။
ချိပ်ပိတ် သိမ်းဆည်းခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး ၁၅၉ လုံးထက်မနည်း ရှိခဲ့ကာ ရန်ကုန်တိုင်းမှာ ၁၂၂ လုံး၊ မန္တလေးတိုင်းမှာ ၈၈ လုံး၊ မကွေးတိုင်းမှာ ၄၈ လုံး နဲ့ ဧရာ၀တီတိုင်းမှာ ၄၇ လုံး ထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခြင်းခံခဲ့ရပါတယ်။