ဖားကန့်မှာ စစ်အုပ်စုနဲ့ KIAတို့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်မြောက်ရေးတပ် KIAတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၇ရက်နေ့ မနက် ၇နာရီလောက်က စတင်ကာ ဆိုင်းတောင်ကျေးရွာ မှော်ရှန်အောင်စုကျော် အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်သံတွေနဲ့ လက်နက်ကြီးသံတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ အခြေအနေက ဆိုးနေတုန်းပဲ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲသေးဘူး။ စစ်သားတွေ အိမ်ရှေ့ကဖြတ်သွားတာမြင်တယ်။ သူတို့စစ်ကြောင်းထိုးလာတာတွေ့လို့ ကေအိုင်အေတွေ လှမ်းပစ်တာနေမှာပေါ့”လို့ ဒေသခံတစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။
စစ်အုပ်စုက ဆိုင်းတောင်ကျေးရွာ တလျှောက်မှာ ကင်းပုန်းတွေ ချထားတယ်လို့ သိရပြီး နှစ်ဖက် အကျအရှုံးနဲ့ ပက်သက်ပြီးတော့ သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
Source- The 74 Media