မြန်မာကလေးငယ်၅သန်း စာနာမှုအကူအညီလိုအပ်

မြန်မာကလေးငယ် ၅သန်းဟာ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီအရေအတွက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေကြောင့် ၂၀၂၂ခုနှစ် အတွင်း လိုအပ်နေတဲ့အရေအတွက်ဖြစ်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။
မြန်မာ ကလေးငယ်တွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ၁ရက်ကတည်းက နိုင်ငံတစ်ဝန်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတာ၊ ဖမ်းဆီးခံရတာ၊ ထိခိုက်သေကြေဒဏ်ရာရခဲ့ကြကာ မျိုးဆက်တစ်ခုစာ အနာဂတ်နဲ့ရှင်သန်မှုတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ယူနီတက်ကပြောပါတယ်။
မြန်မာလူဦးရေ ၁၄သန်းခွဲလောက်ဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။
မြန်မာ့ လူဦးရေ ၅၄ သန်းရှိတဲ့အနက် ၁၄ဒဿမ၄ သန်းဟာ စာနာမှု အကူအညီတွေ လိုအပ်နေပြီး
မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဖြစ်တဲ့ လူ ၂၅ သန်းဟာ ဆင်းရဲတွင်းနက်နေတယ်လို့ လည်း ဆိုပါတယ်။