Photo – GSCB
ဒီနေ့မေလ ၂၆ ရက်၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာ “ပြာပုံကနေ ပြည်သစ်တည်၊ အတူရုန်းကန် ဖေးမမည်”စာသားကိုင်ဆောင် ချီတက်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို မတရားသတ်ဖြတ်တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူကို ရန်သူလိုသဘောထားပြီး ချေမှုန်းလာသလို တော်လှန်ရေး လှုပ်ရှားမှု အားကောင်းတဲ့ ဒေသတွေက ပြည်သူတွေကို ဒုက္ခမျိုးစုံပေးပြီး အကြမ်းဖက်မှုတွေ ပြုလုပ်နေတာပါ။
ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေကို ဝိုင်းဝန်းကူညီဖေးမရင်း တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။