အမေရိကန် အားကစားဝတ်စုံထုတ်လုပ်တဲ့ Nike ကုမ္ပဏီဟာ ရုရှားနိုင်ငံရှိ အကြီးဆုံး လုပ်ငန်းလုပ်ပိုင်ခွင့်ရကုမ္ပဏီနဲ့ သဘောတူညီချက်တွေကို သက်တမ်းမတိုးတော့ဘူးလို့ သိရပါတယ်။
ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်ကစပြီး အထင်ကရ အမေရိကန်အမှတ်တံဆိပ်တစ်ခု ရုရှားကနေ နောက်ထပ် ထွက်ခွာသွားတာ ဖြစ်ပါတယ်။
ယူကရိန်းမှာ မော်စကိုအစိုးရရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံမှာ Nike ရဲ့လည်ပတ်နေတဲ့ စတိုးဆိုင်တွေအားလုံးကို ယာယီရပ်ဆိုင်းထားမယ်လို့ Nike က မတ်လ ၃ ရက်နေ့မှာ ပြောခဲ့တာပါ။
မော်စကိုကို ကုန်ပစ္စည်း ရုရှားနိုင်ငံမှာ Nike အမှတ်တံဆိပ်စတိုးဆိုင်တွေကို လည်ပတ်လုပ်ကိုင်နေတဲ့ Inventive Retail Group (IRG) အကြီးအကဲက ဆိုပါတယ်။
Starbucks ကော်ပိုရေးရှင်းဟာ တနင်္လာနေ့မှာ ရုရှားနိုင်ငံက ထွက်ခွာမယ်လို့ ကြေညာခဲ့ပြီး McDonald’s ကလည်း သူ့ရဲ့ဘာဂါဆိုင်ခွဲတွေကို ရောင်းချခဲ့ပါတယ်။