ရေစကြို လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က မြို့နယ်လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ရေစကြို PDF က ထုတ်ပြန်ပါတယ်။
မေလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီမိနစ် ၄၀ လောက်မှာ ဗုံးခွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရကြောင်း ရေစကြိုမြို့ အမှတ် (၃) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
‘အဆောက်အဉီ နည်းနည်းပါးပါး ပျက်တာလောက်ပါပဲ။ဖောက်ခွဲတာကလည်း သတိပေးတဲ့သဘော လုပ်တာဆို တော့ လူမထိခိုက်အောင် လုပ်ပုံရတယ်’ လို့ သူကပြောပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေဆီ မီတာခအတင်းအဓမ္မမကောက်ခံဖို့နဲ့ စစ်အုပ်စုအလိုကျ မလုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ရေစကြို PDF က ထုတ်ပြန်ပါတယ်။
‘ပေါက်ကွဲပြီးတော့ ထုံးစံအတိုင်း စစ်တပ်က မြို့ထဲမှာရော မြို့အဝင်အထွက်တွေမှာရော တောင်စစ်မြောက်စစ်ပေါ့။မျက်နှာကြော အတင်းကြီးတွေနဲ့ PDF ကိုမနိုင်တော့ ပြည်သူကို မဲတာပေါ့’ လို့ ၃ ရပ်ကွက်သားက ပြောပါတယ်။