ဖယ်ခုံအရှေ့ဘက်ကမ်း ၁၀ရက်ကြာတိုက်ပွဲ စစ်အုပ်စု ၃၀ထက်မနည်းသေဆုံးပြီး pdf ရဲဘော် ၄ဦးကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စု ၃၀ ထက်မနည်းသေဆုံးပြီး KNDF ရဲဘော်၁ ဦးနှင့်ဖယ်ခုံ PDFတပ်ရင်း ၂ မှရဲဘော်၂ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ် ရင်း၃ကမနေ့က မေ လ၂၄ ရက်နေ့မှာထုတ်ပြ န်လိုက်ပါတယ်။

ဒါ့အပြင်ဆီးမီးလော့ရွာအောက်ဘက်ရှိ စစ်အုပ်စုတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေမှ သွား ရောက်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။စခန်းချစစ်သားများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မှိုင်းထောင်ထားခဲ့တာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖယ်ရှားပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရတယ်လို့ဆိုပါတယ်။

နယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက်စစ်ကောင်စီတပ်စခန်းမှ  ခမရ၄၂၂ တပ်ရင်းမှ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ ၁၀ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကို KNDF တပ်ရင်း ၃၊ တပ်ရင်း ၂၊ တပ်ရင်း ၁၁၊ ကရင်နီတပ်မတော် KA၊ SSRY၊ ဖယ်ခုံ PDF တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။