ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စု ၃၀ ထက်မနည်းသေဆုံးပြီး KNDF ရဲဘော်၁ ဦးနှင့်ဖယ်ခုံ PDFတပ်ရင်း ၂ မှရဲဘော်၂ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ် ရင်း – ၃ကမနေ့က မေ လ၂၄ ရက်နေ့မှာထုတ်ပြ န်လိုက်ပါတယ်။
ဒါ့အပြင်ဆီးမီးလော့ရွာအောက်ဘက်ရှိ စစ်အုပ်စုတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေမှ သွား ရောက်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။စခန်းချစစ်သားများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မှိုင်းထောင်ထားခဲ့တာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖယ်ရှားပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရတယ်လို့ဆိုပါတယ်။
နယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက်စစ်ကောင်စီတပ်စခန်းမှ ခမရ – ၄၂၂ တပ်ရင်းမှ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါ ၁၀ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကို KNDF တပ်ရင်း ၃၊ တပ်ရင်း ၂၊ တပ်ရင်း ၁၁၊ ကရင်နီတပ်မတော် KA၊ SSRY၊ ဖယ်ခုံ PDF တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။