အနောက်နိုင်ငံတွေနဲ့ စွမ်းအင်ပေးချေမှုဆိုင်ရာ အငြင်းပွားမှု အရှိန်မြင့်လာချိန်မှာပဲ ရုရှားရဲ့ Gazprom ကုမ္ပဏီဟာ အိမ်နီးချင်း ဖင်လန်နိုင်ငံကို မေလ ၂၁ရက်မှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုရပ်ဆိုင်းလိုက်ပါတယ်။
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုကြောင့် အနောက်အင်အားစုတွေကို ရုရှားကို ငွေကြေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် မော်စကိုအစိုးရက ဓာတ်ငွေ့တင်ပို့မှုအတွက် ဥရောပနိုင်ငံတွေကို ရူဘယ်နဲ့ ငွေပေးဆောင်ဖို့ Gazprom ကုမ္ပဏီက တောင်းဆိုထားပေမယ့် ဖင်လန်က ဒါကို ငြင်းဆိုထားတာပါ။
ဖင်လန်အနေနဲ့ နေတိုးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ လျှောက်ထားချိန်မှာပဲ ရုရှားက အခုလို သဘာဝ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
“Imatra ဝင်ပေါက်အမှတ်ကနေတဆင့် သဘာဝ ဓာတ်ငွေ့တင်သွင်းမှုကို ရပ်တန့်လိုက်ပါပြီ” လို့ ဖင်လန် ဓာတ်ငွေ့စနစ် အော်ပရေတာက စနေနေ့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။ Imatra ဟာ ဖင်လန်နိုင်ငံသို့ ရုရှားဓာတ်ငွေ့ဝင်ရောက်ရာနေရာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံမှာ အသုံးပြုတဲ့သဘာဝဓာတ်ငွေ့ အများစုဟာ ရုရှားကဖြစ်ပေမယ့် ဓာတ်ငွေ့ဟာ နှစ်စဉ် စွမ်းအင်သုံးစွဲမှုရဲ့ ၅ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။