လက်ယက်မရွာထဲက မီးမလောင်သေးတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ် ထပ်မံမီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်း၊လက်ယက်မရွာထဲက မီးမလောင်သေးတဲ့အိမ်တွေကို အကြမ်း ဖက်စစ်တပ်က ထပ်မံမီးရှို့နေတယ်လို့သိရပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာ လက်ယက်မရွာထဲကို အကြမ်းဖက်စစ်တပ်ဝင်ရောက်လာကာ မီးမလောင်သေးတဲ့ အိမ်တွေကို ထပ်မံမီးရှို့ပြီးနောက် လက်ယက်မရွာ တောင်ဘက် ချောက်ကြားဇရပ် မှာ စခန်းချနေကြောင်း Shwe Darr Bo-LPDF က ထုတ်ပြန်ပါတယ်။
လက်ယက်မရွာဟာ အိမ်ခြေ၂၀၀၀ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး မေလ၁၄ရက်နေ့ ညနေ ၃နာရီလောက် မှာ အကြမ်းဖက်စစ်တပ်ဟာရွာထဲ လုယက်ပြီးနောက် ရွာရဲ့နေရာ၃နေရာကနေ တစ်ပြိုင်နက်မီးရှို့ခဲ့ရာ အိမ်၁၇၀၀လောက် မီးလောင် ကျွမ်းခဲ့ပါတယ်။
‘လက်ယက်မရွာက အိမ်ကြီးအိမ်ကောင်းတွေပေါတယ်။ချမ်းသာတဲ့လူတွေလည်းပေါတော့ အဲဒါကိုမျက်စိကျ ပြီးတော့ ဝင်လုပြီးတော့ မီးရှို့တာ။အိမ်ခြေ၂၀၀၀ကျော်ရှိတာ ၁၇၀၀နီးပါးမီးလောင်သွားလို့ မြို့လိုစည်ကားနေ တဲ့ရွာကြီးတစ်ရွာဟာ ချက်ချင်း မီးလောင်ပြင်ဖြစ်သွားတယ်’လို့ ရဲဘော်ပေ ကပြောပါတယ်။
မေလ၁၄ရက်နေ့၊အကြမ်းဖက်စစ်တပ် ရွာထဲမဝင်ခင်ကတည်းက လက်ယက်မရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ အခုအချိန်ထိ တိမ်းရှောင်နေဆဲဖြစ်ပါတယ်။