စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ မင်းခေါင်ရွာရှိ နေအိမ်တစ်အိမ်ကနေ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကျပ် သိန်း (၇၀၀) လောက်လုယက်သွားခဲ့ကြောင်း သိရပါတယ်။
မေလ၁၉ရက်နေ့ည၁၀နာရီလောက်က မင်းခေါင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကားနဲ့ ရောက်ရှိလာပြီး ငွေသိန်း၇၀၀လောက် ယူဆောင်သွားခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြပါတယ်။
လာရောက်လုယက်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဘာ့ကြောင့် ပြုလုပ်သလဲဆိုတာကို ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။