စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထိပြီး အမျိုးသမီးတစ်ဦးသေ

photo-ကသာပကဖ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ပေလမ်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး ကျည်ထိမှန်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုရင် ၄ ပါးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတဲ့အမျိုးသမီးမှာ ငါးအိုးဆေးရုံကနေ ရွှေကူဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားခဲ့ကြောင်း ကသာပကဖ ကမနေ့ညကထုတ်ပြန်ပါတယ်။
မေ၁၉ရက်နေ့က ထီးချိုင့်​ မြို့နယ်ကနေတက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကသာမြို့နယ်၊အင်းကျေးရွာ နဲ့ အလယ်ရပ် က ပြည်သူ့နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ပြီး သပြေသာရွာထဲပစ်လိုက်တဲ့ လက်နက်ကြီး ကြောင့် အိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။
မီးရှို့ခံ ​အိမ်အရေအတွက် များနိုင်ပေမဲ့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီအကြမ်းဖက် စစ်ကြောင်းကို ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်နဲ့ သပြေသာကြားမှာ ကသာခရိုင်PDFတပ်ရင်း၃နဲ့ ကသာနဲ့ထီးချိုင့် ပကဖတွေက တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ထီးချိုင့်မြို့နယ်၊ကြက်တစ်ကောင်ကနေ ထွက်လာမယ့် သဘေ်ာသုံးစီးကို ကာကွယ်ဖို့ မြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာတွေ ကို အကြမ်းဖက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ကသာပကဖ ကဆိုပါတယ်။