တောင်ဒဂုံမြို့နယ်မှာ စစ်အုပ်စုခန့် အုပ်ကြီးတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် အမှတ် ၇၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁၈ရက်နေ့ ညနေ ၅နာရီခွဲလောက်က တောင်ဒဂုံမြို့နယ် ရိုးမရိပ်သာလမ်းမကြီးပေါ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
“ဆိုင်ကယ်နဲ့ ကပ်ပြီးတော့ ပစ်သွားတာ၊ သူ့ကို ဒလန်ဆက်မလုပ်ဖို့ သတိပေးထားတာကို လူမိုက်ပီပီ ဆက်လုပ်နေတာကြောင့် အခုလို ပစ်သွားတာဖြစ်မယ်၊ သေသွားပါပြီ”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။