နိုင်ဂျီးရီးယားမှာ စာသင်ကျောင်းအနီးပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ၉ဦးထိ ရှိလာ

Photo – CNN

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုမြို့ စာသင်ကျောင်းအနီးမှာမေလ ၁၇ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲပြီး သေဆုံးသူ ၉ ဦးအထိ တိုးလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနဦး ပေးပို့ချက်အရ “အဲဒါက ဓာတ်ငွေ့ပေါက်ကွဲတာပါ၊ အဲ့ဒီနားမှာ ဂဟေဆော်တဲ့သူတစ်ယောက်ရှိတော့ သူ့ဓာတ်ငွေ့ဆလင်ဒါက ပေါက်ကွဲသွားတာ၊ အသေအပျောက် လေးဦးကို ဆယ်ယူရရှိခဲ့ပြီး ဂဟေဆော်သူနဲ့ အမျိုးသမီးတစ်ဦး ပါဝင်တယ်၊ ကလေးတွေ မထိခိုက်ပါဘူး”လို့ ကာနိုရဲ့ ရဲမင်းကြီး Sama’ila Shu’aibu Dikkoက ပြောခဲ့ပါတယ်။

ဒါပေမယ့် မျက်မြင်သက်သေအချို့ရဲ့ အဆိုအရ အသေခံဗုံးခွဲသမားက အခင်းဖြစ်ပွားရာနေရာမှာ ဗုံးဖောက်ခွဲနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်မှာအတည်မပြုနိုင်တဲ့ ဗီဒီယိုတွေမှာလည်း သွေးစွန်းနေတဲ့ ယူနီဖောင်းဝတ်ကျောင်းသားလူငယ်တတချို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာက မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတွေ ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ပေါ် ထွက်နေပါတယ်။

“ဖုံးကွယ်ထားတာ မရှိပါဘူး၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ အခင်းဖြစ်တဲ့တဲ့နေရာကို ရောက်နေပါတယ်။ ဂဟေဆော်တဲ့ အလုပ်ရုံအတွင်းက ဓာတုပစ္စည်းအများအပြားကို ပြန်တွေ့ပါတယ်၊ ဒါဟာ ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုပါပဲပဲ” လို့ ရဲမင်းကြီးက ပြောပါတယ်။

နိုင်ဂျီးရီးယားရဲ့လုံခြုံရေးဌာနက  နိုင်ငံအနှံ့ ဗုံးဖောက်ခွဲတိုက်ခိုက်ရန်  ကြံစည်မှုတစ်ခုကို သတိပေးပြီး ရက်သတ္တပတ်အကြာမှာပဲ မနေ့ကပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ မနှစ်က နိုင်ငံအနောက်မြောက်ပိုင်း အိုဂန် ပြည်နယ်မှာလည်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။