ရေဦး၊ သံသည်တံတားနား ချဉ်းကပ်လာတဲ့စစ်တပ်ကို လက်ဦးမှုရယူတိုက်ခိုက်

ကားဖြတ်သန်းလို့မရတဲ့ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊သံသည်တံတားအနီးချဉ်းကပ်လာတဲ့ အကြမ်ဖက်စစ်တပ်ကို ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်သားသေဆုံးထိခိုက်ရှိနိုင်ကြောင်း သိရပါတယ်။
ဒီနေ့မနက်၁၀နာရီကျော်လောက်က သံသည်ရွာ၊သံသည်တံတားအနီးချဉ်းကပ်လာတဲ့စစ်တပ်ကို ရေဦးပကဖ၊ ရေဦးPDFနဲ့ ပလဖ တို့ က တိုက်ခိုက်ခဲ့ရာ ၁၀မိနစ်လောက်ကြာ အပြန်အလှနပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရေဦးပကဖ ကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က လက်နက်ငယ်အပြင် ၆၀မမ နဲ့ပါ ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
မေလ၁၆ရက်နေ့ကလည်း ရေဦးမြို့၊တိုင်းရင်းဆေးရုံဝန်းထဲရှိ စစ်တပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ဗုံးသီး၃လုံး အနက် ၂လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေဦးပကဖ ကထုတ်ပြန်ထားပါတယ်။
ရေဦးမြို့နယ်၊အောင်ချမ်းသာရပ်ကွက်နေပြည်သူတစ်ဦးက ‘စစ်ခွေးတွေက တိုင်းရင်းဆေးရုံထဲနေနေတာကြာ ပါပြီ။ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ကိစ္စမြို့မှာ တော်တော်နာမည်ကြီးသွားတယ်။ပစ်မှတ်တည့်တည့်ထိတယ်လို့ လည်းကြားတယ်။ဘယ်လောက်သေသလဲဆိုတာတော့မကြားသေးဘူး’လို့ ဆိုပါတယ်။
ရေဦးပကဖ ကလည်း ဒရုန်းလက်ချက်ကြောင့် စစ်သားဘယ်နှဦးသေသလဲဆိုတာ မထုတ်ပြန်သေးပါဘူး။