ထီရိကျေးရွာ စစ်အုပ်စုဂိတ်စခန်း အတိုက်ခံရပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၅ ဦး အရှင်ဖမ်းမိ

Photo- CJ
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ မိုးဗြဲအင်း အရှေ့ဘက်ကမ်း ထီရိကျေးရွာမှာ တပ်စွဲထားတယ် အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ခိုက်ခဲ့ပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KnIC က ​ဖော်ပြပါတယ်။
လက်နက်ခဲ့ယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂိတ်စခန်းကို KNDF B-03 နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။
တိုက်ခိုက်မှုအပြီးမှာ ထီရိကျေးရွာ မြောက်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ နမ့်ပွန်ကျေးရွာဂိတ်စခန်းကို ပအိုဝ့်ပြည်သူ့စစ် PNO တပ်ဖွဲ့တွေက အင်အားဖြည့်တင်းနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Credit- KnIC

Delta News

Read Previous

စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး ထိမှန်

Read Next

ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှုမှန်သမျှကို ကန့်ကွက်ကြောင်း ထုတ်ပြန်