စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး ထိမှန်


Photo – KNU
အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ (၆၀)မမ တစ်လုံးကို ကျေးရွာအတွင်း ဘုန်းကြီကျောင်းအနီးကို ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် အသက် (၈) အရွယ် ကလေးငယ်တစ်ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု အင်းနက်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ ၃၄၉က (၆၀)မမ တစ်လုံးကို ဒရုန်းနဲ့ ပစ်ချခဲ့ရာမှာ ကျေးရွာဘုန်းကြီးကျောင်းအရှေ့ ကျရောက်ပြီး ဒေသခံပြည်သူ ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူ အသက် (၈) နှစ်အရွယ် မထက်ထက်စံကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးဆံထိမှန်ခဲ့တဲ့ကြောင့် ဘယ်ဘက်ရင်အုံမှ နောက်ဘက်ကိုပေါက်ထွက်သွားပြီး အဆုတ်ထိခိုက်ခဲ့တယ်လို့ မထက်ထက်စံကို ဆေးဝါးကုသပေးခဲ့တယ် KNU ကျောက်ကြီးမြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
Photo – KNU