မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေကို တစ်လအတွင်း ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေးတာဝါတိုင် အားလုံးကို ဖြိုချသွားမယ်လို့ YDF Htilin (Shwe Som Nyo) က ဒီကနေ့ သတိပေးလိုက်ပါတယ်။
မေ ၁၂ ရက်နေ့ကစလို့ တစ်လအတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြန်မဖွင့်ပေးပါက တာဝါတိုင်တွေကို ဖြိုချပြီး တော်လှန်ရေးအတွက် အသုံးချသွားမယ်လို့ ဆိုပါတယ်။
အခုအခါ ထီးလင်းမြို့နယ်အတွင်း အင်တာနက် လုံးဝမရရှိတာ (၈) လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထီးလင်းမြိုနယ် ဧရိယာရဲ့ ရာခိုင်နှုန်း ၅၀ လောက်သာ ပုံမှန်ဖုန်းလိုင်းရရှိပေမဲ့ စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန်တိုင်း ဖုန်းလိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ ထမင်းရှင်ပြည်သူတွေရဲ့ မျက်နှာကိုမကြည့်ဘဲ စစ်အုပ်စုအလိုကျ စားသုံးသူအခွင့်အရေး ချိုးဖောက်ခြင်းတွေကို ရပ်တန့်ပြီး ထီးလင်းတစ်မြို့နယ်လုံးပြီး အင်တာနက် ပြန်ဖွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။