ဒီနေ့မေလ ၁၀ရက်နေ့ရန်ကုန်မြို့ တစ်နေရာမှာ”သေမှာမကြောက်လို့ ပေတစ်ရာလျှောက်တဲ့ တော်လှန်နေသောအခြောက်” စာသားချိတ်ဆွဲပြီး စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ရန်ကုန်မြို့တွင်းတစ်နေရာမှာ အခုလို စာသား ချိတ်ဆွဲခဲ့တာပါ။
ဒီကနေ့လှုပ်ရှားမှုကို LGBT Community Yangon မှဦးဆောင်ပြီး စမ်းချောင်းပင် မသပိတ်စစ်ကြောင်း(Sc Strike )၊ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အလုံလူငယ်တပ်ဦး(AYF) မြေပြင်သပိတ်အင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။