လောင်းလုံးမှာ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ မေလ ၉ ရက် မနက်ပိုင်းမှာ “ပြည်သူကိုအခြေခံအာဏာရှင်ကိုတော်လှန်”စာသားကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေးအတွက်လောင်းလုံပြည်သူတွေနဲ့လူငယ်တွေစုစည်းဆန္ဒပြကြပြီး ပြည်သူတွေ တော်လှန်ရေးမှာ ပါဝင်ပူးပေါင်းပေးကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့တာပါ။