စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကွေ့အနီး စစ်ဆေးရေးဂိတ်ကို ရောက်လာတဲ့ ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Khin U Support Organization ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူများပြားခဲ့တယ်လို့ Khin U Support Organizationက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၆ရက်နေ့ မနက် ၉နာရီခန့်မှာ အင်းပတ်ကွေ့အနားကို ရောက်ရှိတဲ့ အင်အား ၃၀ခန့်ပါဝင်တဲ့ စစ်အုပ်စုကို Khin U Support Organizationက ပဒေသာမိုင်း ၆လုံးနဲ့ ၃ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
မိုင်းထိမှန်မှုကြောင့် စစ်အုပ်စုက သေဆုံးသူနဲ့ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ရေဦးမြို့ပေါ်က ကား၂စီးနဲ့ ထိခိုက်သူတွေကို တင်ဆောင်သွားပြီး တိုင်းရင်းဆေးရုံဘက်ကို မောင်းနှင်သွားတယ်လို့ သိရပါတယ်။
“အကျအဆုံးများပါလိမ့်မယ် ပြန်တောင် မပစ်နိုင်ဘဲ ခွေးပြေးပြေးသွားရလေသည်။ အသေးစိတ်အားထပ်မံကြေညာပေးပါမယ် မိဘပြည်သူများ ခဗျာ”လို့ Khin U Support Organizationအဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုပါတယ်။