ပုလဲမြို့နယ် သာယာကုန်းကျေးရွာမှာ စစ်အုပ်စုစစ်ကြောင်း အတိုက်ခံရပြီး ၂ ဦးသေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာကနေ သာယာကုန်းကျေးရွာဘက်ကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးအင်အား ၂၀ ခန့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၂ ဦးသေဆုံးသွားခဲ့တယ်လို့ ကျားသစ်နက်တပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ တပ်တွင်း ဖရဲသီးက သတင်းပေးပို့လာတာကြောင့် သာယာကုန်ကျေးရွာအနီးမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းကို ကျားနက်ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၈) ဗိုလ်ဒေါင်းညို ဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်နဂါးလက်အောက်ခံ မြေပြင်သိန်းငှက်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ထိတွေ့တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။