ချင်းအမျိုးသားတပ်မတော် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့စုပေါင်းကာ ဧပြီလ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို ၅ကြိမ်ရင်ဆိုင်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၆၀ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ ၂၂ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha၊ ထီးလင်း PDF(မကွေးတိုင်း)တို့ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ အနည်းဆုံး တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားကာ စစ်အုပ်စုက ၆၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြား ကားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဂန့်ဂေါမြို့ကနေ အင်အား ၂၀၀ခန့်နဲ့ ဟာခါးစစ်ဗျူဟာကို ခြေကျင်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်း မတူပီစစ်ဗျူဟာကို မကွေးတိုင်း ပခုက္ကူမြို့ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကိုလည်း CDF မင်းတပ်နဲ့ CDFမတူပီတို့က ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
တိုက်တွေအတွင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ဦးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့တယ်လို့ CNFရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။