PDF တစ်နှစ်ပြည့်အခမ်းအနား တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ကျင်းပ

PHOTO-NUGကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တည်ထောင်ကြောင်းကြေညာခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ​ဒေါနစစ်​ကြောင်း မြို့မ စခန်းမှာ ကျင်းပခဲ့ပါတယ်။
မေလ၅ရက်နေ့ဟာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တည်ထောင်ကြောင်းကြေညာခြင်: တစ်နှစ်ပြည့်ဖြစ်ပြီး အဲဒီအခမ်းအနားမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်အလံကို အ​လေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုက​ရေစီ​ရေးအတွက် အသက်​သွေး​ချွေးစွန့်လွှတ်သွားခဲ့သူအ​ပေါင်းကို အ​လေးပြုခြင်း ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ့သစ္စာဓိဌာန် ( ၄ ) ချက် ရွတ်ဆိုခြင်း ၊ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးက ​ပေးပို့​တဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း ၊ ​တောင်ပိုင်းစစ်​ဒေသမှတာဝန်ရှိသူတွေနဲ့တပ်မှူးတွေက အမှတ်တရ စကား​ပြောကြားခြင်းတို့ပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။