လေပြင်းတိုက်ခိုက်မှုကြောင့် ကယားမှစစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်

မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကယားပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှ အမိုးအကာများ ပျက်စီးခဲ့သဖြင့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့The 74 Media ကဖာ်ပြထားပါတယ်။
မိုးသည်းထန်းစွာရွာသွန်းခဲ့သဖြင့် မိုးကာများ ပျက်စီးခဲ့သလို မိုရာသီရောက်ရှိလာပြီ ဖြစ်တာကြောင့် စစ်ရှောင်စခန်းအတွင်း အမိုးအကာများနဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
မိုးရာသီအချိန် သွေးလွန်တုပ်ကွေးဖြစ်နိုင်တာကြောင့်မိုးကာခြင်ထောင်နဲ့တစ်ကိုယ်ရည်သန့်ရှင်ရေးအတွက် ဆပ်ပြာများ ၊ဆေးဝါးအကူအညီတွေလည်းလိုအပ်နေသလိုအခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီနဲ့ ဆားတွေ လည်း လိုအပ်နေတယ်လို့ဆိုပါတယ်။
ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် နှစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေ ရတာပါ။
Source- The 74 Media