စစ်အုပ်စုလက်အောက်ခံ (MRTV) အက်ပလီကေးရှင်းကို App Store နဲ့ Google Play store တို့ကဖယ်ရှား

အကြမ်းဖက်မြန်မာစစ်အုပ်စုလက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အက်ပလီကေးရှင်းကို Apple ကုမ္ပဏီ App Store နှင့် Alphabet ကုမ္ပဏီ Google Play Store တို့က ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါMRTV အပ်ပလီကေးရှင်းကို အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်က အခမ်းအနားနဲ့ မိတ်ဆက်ပွဲကျင်းပပြီး နောက်တစ်ရက်မှာပဲ ဖယ်ရှားခံလိုက်ရတာပါ။မေ ၄ ရက်နေ့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ အခမ်းအနားနဲ့ MRTV Application လွှင့်တင်မှုကို မိတ်ဆက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာအဆိုပါ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) Application ကို Apple Store နှင့် Google Play Store တို့မှ ဖယ်ရှားလိုက်တာပါ။
Justice for Myanmar ကဝါဒဖြန့် MRTV Application ကို အွန်လိုင်းမှဖယ်ရှားပေးရန် တောင်းဆိုပြီး နောက် အမေရိကန် ကုမ္ပဏီ Apps Web Social LLC က ဖယ် ရှားလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအားလုံးကို Google ပလက်ဖောင်းပေါ်ကနေ လုံးဝအပြည့်အဝပိတ်ပင်ဖို့ Justice for Myanmar က တောင်းဆိုထားတယ်လို့ထုတ်ပြန်ထားပါတယ်။